မျှော်တော်ဇော

မင်္ဂလာပါ။

အရှေ့နှင့်အနောက် တောင်နှင့်မြောက်မှာကွယ် အကောင်းများက နေရာတိုင်း ဝိုင်းနေတယ်...
ကိုယ်ဖြစ်ချင်တာ ဆိုပြရတာပဲ။
တကယ်တော့...
ထိုသို့မဟုတ်ချေ ဟုလည်း မပြောချင်ပါ။

Hive Blockchain ပေါ်မှာ သဘာဝအလှပုံလေးတွေ မျှဝေရင်း နေသာသလို နေလာခဲ့မိတယ်။
မနေသာတာတွေ ဖြစ်လာတော့မှ နောက်ကောက်ကျပြီ ပြောရင်လည်း အပိုပါပဲ။

ခုတော့ ဘယ်လိုလုပ်ကြမယ်တုန်း ...
ဒီလောက်ထိ ငုံ့ဆင်းမသွားတာကြာပြီ။
ထောင်တက်ဖို့ မျှော်လင့်ချက်တွေ ဘယ်ဆီ ဘယ်ဝယ် ရောက်ကုန်ပါလိမ့်။
ဘယ်မှမရောက်ပါဘူး။
မျှော်လင့်ချက်က မျှော်လင့်ချက်အတိုင်းသာပါပဲ။
လက်တွေ့မှ ဖြစ်မလာသေးတာကိုး။
ကိုယ့်မယ်တော့ သူ့ကိုသာ မျှော်လင့်အားကိုးကြီးနေမိတယ်။
သူကလွဲပြီး ကျန်တာတွေ ဖွဲနှင့်ဆန်ကွဲ...
ခုတော့ ဖွဲနှင့်ဆန်ကွဲ ကို အစားထိုးရတော့မလို။
ဒီလိုတော့လည်း မဟုတ်သေးပါဘူး။
မျှော်နိုင်သမျှတော့ မျှော်ဦးနော် ဟုသာ ကိုယ့်ကိုကိုယ် အားပေးလိုက်ရပါတော့တယ်။

ရွှေအနာဂတ်



0
0
0.000
7 comments
avatar

အတူတူ အားတင်းကြတာပေါ့ဗျာ
သူဈေးတက်မယ့်အချိန်ပေါ့။
!LOLZ
!MEME

0
0
0.000
avatar

တတ်ပါလိမ့်မယ် စိတ်သာချနေပါ။

0
0
0.000
avatar

မျှော်လင့်စောင့်စားနေသူမှာ ရင်ဝယ် အပူမီး ဘယ်သူမှ မငြိမ်းနိုင်ပါပြီ
!LOLZ
!LUV

0
0
0.000
avatar

ချစ်မိသူသာ ပစ်ဒဏ်သင့်ရတာပါ့

0
0
0.000