မျှော်လင့်ခြင်းကောင်းကင်

မင်္ဂလာပါ။

ကျွန်တော့်ဘဝမှာ တနေ့တနေ့ လုပ်စရာ ထွေထွေထူးထူး မရှိလှပါဘူး။
ကျေးလက်ဒေသမှာ နေထိုင်တယ်။
မိသားစု စားဝတ်နေရေးအတွက် လူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်။
ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်ဟုတော့ ပြောကြတာပဲ။
ကုသိုလ်ရမရကတော့ အတိအကျမသိရပါဘူး။
ဝမ်းဝရုံက‌တော့ အဆင်ပြေပါတယ်။
ဒီထက်ပိုပြီးတော့ ထူးမခြားနားသေးပါဘူး။

အနာဂတ်မျှော်လင့်ချက်အတွက် ခရစ်တိုကို ရှာဖွေစုဆောင်းထားချင်တယ်။
၅ နှစ်ကျော်မျှ တစိုက်မက်မက် လုပ်ကိုင်ခဲ့တာက ဟိုက်ဘလော့ချိန်းတခုတည်းကိုပဲ။
ကျန်တာတွေ ဘာမှ သေသေချာချာ နားမလည်သေးသလို အရောင်းအဝယ်လုပ်ဖို့ စုဆောင်းနေရဆဲကာလပါ။

တနေ့တနေ့ အခြားသော ကျေးရွာတွေဘက် သွားရင်း လမ်းမှာ တွေ့မြင်သမျှ စိတ်ကူးတည့်ရာ ကျေးလက်ရှုခင်းတွေကို ဓာတ်ပုံရိုက်ယူပါတယ်။
ဒါက တချက်ခုတ် နှစ်ချက်ပြတ်တာပါပဲ။
အလုပ်သွားရင်း ပုံရိုက်ပြီး အနားရချိန် ဟိုက်ဘလော့ချိန်းမှာ တင်ပြတော့ ဟိုက်ပါဝါ စုမိတာပေါ့။
နေ့မှ လ၊ လမှ နှစ် အလီလီပြောင်းလဲခဲ့ပေမယ့် ကျွန်တော်က မပြောင်းလဲသေးဘူး။
ဒါတွေကိုသာပဲ စွဲစွဲမြဲမြဲ လုပ်ဆောင်နေဖြစ်ပါတယ်။

တနေ့တချိန် ဟိုက်ဈေး မြင့်မားလာလို့ကတော့ ကျွန်တော့်ဘဝလေး တမျိုးတမည် ပြောင်းလဲသွားမှာပါပဲ။
ခုတော့ လုပ်လက်စလေးပဲ ဆက်လိုက်ပါဦးမယ်။
ခုက မိုးရာသီဆိုတော့ တိမ်တွေကိုတော့ တွေ့မြင်နေကြရမှာပါ။

မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။
@golden.future



0
0
0.000
13 comments
avatar

ကြိုးစားမှာ တိုးပွားမှာ !PIZZA
!DHEDGE
!hiqvote

0
0
0.000
avatar

မျှော်လင့်ခြင်း ကောင်းကင် အရောက်သွားစို့ဦး။
တနေ့နေ့တော့ ကြိုးစားသမျှတွေ အရာထင်လိမ့်မယ်။
!LUV
!LOL

0
0
0.000
avatar

Hive ​စျေးအတက်မှာ Power​လေး​တွေကို မြန်မာ​ငွေနဲ့ တွက်ကြည့်ရတာ​လောက် စိတ်ချမ်းသာတာ မရှိဘူး အခုအချိန်မှာ​​တော့ ပါဝါစု​ပေါ့​လေ ဇွဲ မ​လျော့​​သောသူများ
!PGM

0
0
0.000
avatar

ဟုတ်ပါ့ balance ကြည့်ရတာ အမောပါပဲ

0
0
0.000