My Entry for Phone Photography
May you be filled with all blessings!
This week has been a good one.
It rained almost every day.
On some days, the rain that fell didn't wet the ground.
There were thick clouds in the sky.
So the weather wasn't too hot and it was nice to live in a cool place.

I also traveled to other villages under the clouds.
I enjoyed the beauty of the forest while riding a motorcycle on the rural road.

In the area where I live, farmers plow their fields after the rains.
Then they sow sesame seeds as a rainy season crop.
The fields that were not planted with sesame will be planted with peanuts in about a month.

Now, I'm living a peaceful life in the countryside, and I'm taking photos with my phone camera of the beauty of the clouds over the fields.
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
ဒီရက်သတ္တပတ်အတွင်း နေထိုင်လို့ကောင်းပါသည်။
နေ့စဉ်လိုလို မိုးရွာကျခဲ့ပါသည်။
အချို့ရက်၌ ရွာချသော မိုးရေကတော့ မြေကြီး မစိုရွှဲခဲ့ပါ။
ကောင်းကင်၌ကား တိမ်များ ထူထပ် လွင့်မျောနေကြသည်။
ဒီတော့ ရာသီဥတု မပူလွန်းဘဲ အေးအေးသက်သာ နေထိုင်လို့ကောင်းခြင်း ဖြစ်သည်။
ကျွန်တော်သည်လည်း တိမ်ထုတွေအောက် အခြားသောကျေးရွာတွေဆီသို့ ခရီးထွက်ဖြစ်ပါသည်။
ကျေးလက်တောလမ်းမှာ ဆိုင်ကယ်စီးရင်း တောသဘာဝအလှကို ခံစားမိပါသည်။
ကျွန်တော် နေထိုင်ရာဒေသ၌ တောင်သူများသည် မိုးရွာချပြီး ယာခင်းများကို ထွန်ယက်ခဲ့ကြသည်။
ထိုနောက် မိုးရာသီ သီးနှံ အဖြစ် နှမ်းမျိုးစေ့များကို ကျဲပက်ကြပါသည်။
နှမ်း မစိုက်ပျိုးသော ယာခင်းများကိုတော့ နောက်တစ်လလောက်၌ မြေပဲ စိုက်ပျိုးကြမည် ဖြစ်ပါသည်။
ကဲ ကျွန်တော်ကတော့ ကျေးလက်ဒေသမှာ သာသာယာယာ နေထိုင်နေကြောင်းကို ယာခင်းများပေါ်က မိုးတိမ်များ၏ အလှကို Phone Camera ဖြင့် ဓာတ်ပုံရိုက်ယူကာ ဖော်ပြပေးလိုက်ပါသည်။