မနေ့ညနေက အကြောင်း

avatar

မင်္ဂလာပါ။
မနေ့က အရောင်းအဝယ် ကိစ္စလေးနဲ့ စစ်ကိုင်းမြို့ သို့ ရောက်ဖြစ်ခဲ့ပါတယ်။
အလုပ်ကိစ္စလေး ပြီးပြတ်တော့ အချိန် နည်းနည်း နောက်ကျသည် ထင်၍ တံတားဦး ဘက် မပြန်ဘဲ ညအိပ်ရန် စိတ်ကူးခဲ့သည်။
တကယ်တော့ မိတ်ဆွေအချို့နှင့် စားရင်းသောက်ရင်း စကားပြောကြရန် ရည်ရွယ်ပြီး မပြန်ချင်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ မနေ့ညနေက ညစာ ကို ပန်ပန် စားသောက်ဆိုင်မှာ သွား၍ စားကြသည်။
ပန်ပန် စားသောက်ဆိုင်သည် တရုတ်စာ ပင်လယ်စာ စသည် အစားအစာမျိုးစုံ ရသော ဆိုင်ဖြစ်ပြီး ယမကကာတော့ မရပါ။
ကျွန်တော်၏ မိတ်ဆွေက Red Label ပုလင်း ယူခဲ့၍ သုံးပတ်လောက်တော့ သောက်ဖြစ်ခဲ့သည်။
Hive က ဘော်ဒါတွေနှင့် မဆုံဖြစ်တာ ကြာတော့ သတိရမိသည်။

ပန်ပန် စားသောက်ဆိုင်မှ အစားအစာများသည် ယခုကာလ အရ ဈေး သက်သာသည်ဟု ပြောနိုင်သလို အရသာ ရှိပါသည်။
ကျွန်တော်တို့လည်း ပုံတွေထဲမှာ မြင်ရသည့်အတိုင်း ပင်လယ်စာမာလာရှမ်းကော နှင့် ပုဇွန်အပွကြော် မှာယူ စားသောက်ခဲ့ကြသည်။

စားကောင်းသောက်ဖွယ်တွေ စားသောက်ရတော့ Hive က ဘော်ဒါတွေနဲ့ တစ်ပွဲတစ်လမ်း နွှဲလိုက်ချင်သေးသည်။
ယခု ဒေါ်လာဈေး အတိုင်း မအလ ပြုတ်ကျပြီး ရှိနေခဲ့ရင်တော့ ပွဲကြီးပွဲကောင်း ချလိုက်ကြရအောင်လား။

@golden.future



0
0
0.000
12 comments
avatar

စားထိုက်လို့ စားရတာ စားကြပါဗျာ။
!LOL

0
0
0.000