May You Be as cold as Water and as scented as a Flower!

avatar

May it be as cold as water and as scented as a flower.
May my friends' lives be as cool as water and as scented and beautiful as flowers.
This is my prayer and love.

The lives of millions of our Burmese people are currently being scorched by the heat of famine.
Some are suffering from war.
Some are suffering from famine.
Some are afraid to go to war.
There are a few hundred thousand people who lost their homes.
Tens of thousands of people lost their lives.
There are hundreds of thousands of people who are being arrested and tortured.
Not only are they suffering from all kinds of food disasters, but this week there are people who are burning because the weather has changed and the heat
waves are breaking.
Thousands of houses have been destroyed by the terrorist army, but the heat wave caused the forest fires to burn again.
Myanmar's hell on earth.

I can only pray that the lives of Myanmar people who are suffering from this hell of a world will be as cold as water and scented as flowers.
Now I will present the flowers while posing as a hot figure and smiling.

ရေလို အေးလို့ ပန်းလို မွှေးမြပါစေ။
မိတ်ဆွေတို့၏ ဘဝ ရေ ကဲ့သို့ အေးမြကာ ပန်း ကဲ့သို့ မွှေးမြ လှပနိုင်ပါစေ။
ဒါက ကျွန်တော်၏ ဆုတောင်း မေတ္တာ ပို့သခြင်းပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံသား သန်းပေါင်းများစွာ၏ ဘဝတွေကတော့ ယခုအချိန်မှာ သောကအပူတွေ လောင်မြိုက်ခံနေကြရပါတယ်။
အချို့က စစ်ဘေးဒုက္ခကို ခံစားနေကြရတယ်။
အချို့က အငတ်ဘေးဒုက္ခကို ခံစားနေကြရတယ်။
အချို့က စစ်ထဲ ဝင်ရမှာ ကြောက်နေကြတယ်။
နေစရာ အိမ် ဆုံးရှုံးသူတွေက သိန်းဂဏန်းမျှ ရှိတယ်။
အသက်ဆုံးရှုံးရသူတွေက သောင်းဂဏန်းမျှ ရှိတယ်။
ဖမ်းဆီးနှိပ်စက်ခံနေရသူတွေက သိန်းဂဏန်းမျှ ရှိတယ်။
စားဝတ်နေရေး ဘေးဒုက္ခမျိုးစုံ ခံစားနေကြရသည်သာမက ယခုအပတ်မှာတော့ ရာသီဥတု ဖောက်ပြန်ကာ အပူးလှိုင်း ဖြတ်နေလို့ ပူလောင်နေကြရသူတွေ ရှိကြတယ်။
အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးလို့ အိမ် အလုံးပေါင်း သိန်းဂဏန်းမျှ ဆုံးရှုံးထားရပါတယ် ဆိုမှ အပူလှိုင်းကြောင့် တောမီးလောင်ရာမှတဆင့် အိမ်တွေ ထပ်မံ မီးလောင်ခံကြရပြန်တယ်။
မြန်မာနိုင်ငံ၏ လောကငရဲ ပါပဲ။

ဒီလို လောက ငရဲ ကို ခံစားနေကြရသော မြန်မာနိုင်ငံသားတွေ၏ ဘဝကို ရေလို အေး၍ ပန်းလို မွှေးမြလှပစေဖို့ ဆုတောင်းပေးရုံသာပဲ တတ်နိုင်သော ကျွန်တော်သည်လည်း အပူတွေနဲ့ပါပဲလေ။
ကဲ အပူရုပ်ကို ဟန်လုပ်ကာ ပြုံးပြရင်း ပန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

@golden.future



0
0
0.000
8 comments
avatar

ပန်းလို လှချင်ပါဘိသနဲ့
!LOL
!LUV

0
0
0.000