ခရမ်းကစော့

မင်္ဂလာပါ။
Hive Blockchain မှာ ပို့စ် နေ့စဉ် တင်နိုင်အောင် ကြိုးစားနေရင်းနဲ့ အချို့ရက်တွေမှာ အလုပ်မအားလို့ စာမရေးနိုင်ပါဘူး။
တခါတလေတော့လည်း ရေးစရာအကြောင်းအရာ နှင့် ဓာတ်ပုံတွေ အဆင်သင့်ရှိမနေဘူး။
ဓာတ်ပုံအသစ်အဆန်းလေးတွေ ရဖို့ကလည်း ခရီးထွက်ဖြစ်မှသာရယ်။

ဒီနေ့တော့ ခရမ်းကစော့ အပွင့်အသီးတွေနှင့်အပင် ကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်အိမ်က အပင် မဟုတ်တော့ အသီး မခူးခဲ့ရဘူး။

ခရမ်းကစော့သီး၏ အရသာက ခါးသက်သက်ရယ်ပါ။
ခါးသက်တဲ့အရသာရှိသော အရာတွေက ဆေးဘက်ဝင်တတ်ကြပါတယ်။
ခရမ်းကစော့သီး ဆေးဘက်ဝင်ပုံ နှင့် ကောင်းကျိုးအာနိသင်ကို FB မှာ ဖတ်ဖူးပါတယ်။
ခရမ်းကစော့သီးကို လုံးခြမ်းကွဲအောင် ထုပြီး ရေနွေးစိမ်ကာ သောက်လျှင် ကျန်းမာရေးကောင်းစေတယ်ဟုလည်း ဖတ်ဖူးပါတယ်။
ခရမ်းကစော့သီး ရခဲ့လျှင် ပြုတ်သောက်ကြည့်ပါဦးမယ်။

ကျွန်တော်ကတော့ ခရမ်းကစော့သီးကို အစိမ်းလိုက် ငါးပိရည် ငံပြာရည် နှင့် တို့စားရတာကိုလည်း ကြိုက်ပါတယ်။
ခရမ်းကစော့သီးကို လှော်ပြီး ငရုတ်သီး ငါးပိ နဲ့ ထောင်းစားရတာကိုလည်း ကြိုက်ပါတယ်။
အဲ့လိုမဟုတ်ဘဲ ခရမ်းကစော့သီးကို ထပ်ခြမ်းခွဲပြီး ကြော်စားရတာကိုလည်း ကြိုက်ပါတယ်။
ဒါတွေက ကျွန်တော် လုပ်စားဖူးတဲ့ ခရမ်းကစော့သီး ချက်စားနည်းတွေပါ။

မိတ်ဆွေတို့ရော ခရမ်းကစော့သီးကို ကြိုက်ပါသလား။
ဘယ်လို လုပ်စားပါသလဲ။



0
0
0.000
10 comments
avatar

အိမ်မှာ စိုက်ထားတယ်ဗျ။ ခု သီးနေပြီ။
ကင်မွန်ချဉ်ရွက်နဲ့ ချက်စားလည်း ကောင်းတယ်။
!LOLZ
!MEME

0
0
0.000
avatar

အိမ်မှာလည်း အပင်ရှိ၊ သိပ်တော့ မသီးဘူးရယ်။ အမေနဲ့ အမပဲစား၊ ကျနော်က မစား။

0
0
0.000