Herons by the Water's Edge
May you be blessed.
Today's topic is titled "Herons by the Water's Edge."

The most common birds in the area where I live are herons and sparrows.
I often see herons along the country roads I travel.
Herons are often found near grazing cattle.
Herons mainly feed near water.

There are ponds in the lowlands between the forest roads and the fields.
They are natural ponds that collect rainwater.
Now that it is winter, the ponds are drying up.
Some of the ponds still have a little water left.
There are animals such as fish in the ponds.
Therefore, herons often stand at the edge of the ponds to get food.

I also travel in rural areas, so I see herons all the time.
Sometimes I take photos of herons to feature on the Hive Blockchain.

မင်္ဂလာရှိကြပါစေ။
ဒီနေ့ အကြောင်းအရာကို "ရေစပ်နားက ဗျိုင်းငှက်များ" ဟု အမည်ပေးလိုက်သည်။
ကျွန်တော် နေထိုင်သည့်ဒေသ၌ အပေါများဆုံးငှက်သည် ဗျိုင်းငှက် နှင့် စာငှက် ဖြစ်ပါသည်။
ကျွန်တော် သွားလာနေသည့် ကျေးလက်တောလမ်း နဘေး၌ ဗျိုင်းငှက်များကို အမြဲတွေ့မြင်ရလေ့ရှိသည်။
ဗျိုင်းငှက်များသည် မြက်စားနေသော နွားများ အနီး၌ ရှိနေတတ်သည်။
ဗျိုင်းငှက်များ အဓိက ကျက်စားရာကတော့ ရေစပ်နား ဖြစ်ပါသည်။
တောလမ်း နဘေး ယာခင်းများ ကြား မြေနိမ့်ရာ၌ ရေအိုင်များ တည်ရှိနေပါသည်။
မိုးရေများ စုဆောင်းထားသော သဘာဝရေအိုင်များ ဖြစ်သည်။
ယခုအခါ ဆောင်းရာသီ အတွင်း ဖြစ်လေတော့ မိုးရေအိုင်များသည် ခမ်းခြောက်နေကြပါပြီ။
အချို့ မိုးရေအိုင်များ၌ ရေအနည်းငယ် ကျန်ရှိနေပါသေးသည်။
မိုးရေအိုင်များ အတွင်း၌ ငါး အစရှိသော သတ္တဝါများ ရှိကြပါသည်။
သို့ဖြစ်၍ ဗျိုင်းငှက်များသည် အစာရရန် ရေအိုင် အစပ်နား၌ ရပ်နေတတ်ကြပါသည်။
ကျွန်တော်ကလည်း ကျေးလက်ဒေသအတွင်း လည်ပတ်သွားလာနေသူ ဖြစ်သောကြောင့် ဗျိုင်းငှက်တွေကို အမြဲ မြင်တွေ့နေရပါသည်။
တခါတလေတော့လည်း Hive Blockchain ၌ ဖော်ပြရန် ဗျိုင်းငှက်များကို ဓာတ်ပုံရိုက်ယူဖြစ်ခဲ့ပါသည်။

