Heron in the Lake

May you be filled with all blessings.

Nature is working its magic, bringing rain at night and sunshine during the day.
With the strength of the storms and monsoons that hit some neighboring countries, it rained every night.

Today I visited a village that I visit often.
There is a large lake on the west side of the village.
The lake has a pond on two sides and no pond on the other two sides.
Rainwater flows in from the side that has no pond.
There are three wells inside the lake.

I saw herons in the water as I was near the lake.
I took a picture because I saw the reflection of the heron.
However, it was not clear enough to be included in the Reflection Hunters Contest, so I shared it only in the Feathered Friends Community.
I was the only one who took and shared photos of herons, but the herons would fly away when they saw me.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

ညမှာ မိုးရွာ နေ့မှာ နေပွင့် လို့ သဘာဝတရားကတော့ သူ့သဘောသူဆောင်နေပါတယ်။
အိမ်နီးခြင်းနိုင်ငံအချို့မှာ တိုက်ခတ်သွားတဲ့ မုန်တိုင်း၏ အရှိန်နှင့် မုတ်သုန် အထွက်မှာ မိုးသည် ညတိုင်း ရွာနေခဲ့သည်။

ဒီနေ့တော့ ခဏခဏ ရောက်ဖြစ်သော ကျေးရွာတစ်ရွာသို့ သွားရောက်ဖြစ်ခဲ့သည်။
ထိုရွာ၏ အပြင် အနောက်ဘက်၌ ရေကန်ကြီး ရှိပါသည်။
ထိုရေကန်ကြီးသည် နှစ်ဘက်၌သာ ကန်ဘောင် ရှိပြီး အခြား နှစ်ဘက်၌ ဘောင်မရှိပါ။
ထိုဘောင်မရှိသောဘက်မှ မိုးရေများ စီးဝင်ခြင်း ဖြစ်ပါသည်။
ရေကန်ကြီး အတွင်း၌ ရေတွင်းသုံးတွင်း ရှိပါသည်။

ကျွန်တော် ထိုရေကန်ကြီး အနား ရောက်စဉ် ရေထဲ၌ ဗျိုင်းငှက်တွေကို တွေ့မြင်ခဲ့ရပါသည်။
ဗျိုင်းငှက်၏ အလင်းပြန်ပုံရိပ်ကို မြင်တွေ့ရသောကြောင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
သို့သော် Reflection Hunters Contest အတွက် ဖော်ပြရန် ရှင်းလင်းကြည်လင်မှု အားနည်းသောကြောင့် Feathered Friends Community ၌သာ မျှဝေပေးလိုက်ပါသည်။
ကျွန်တော်ကသာ ဗျိုင်းငှက်တွေကို ဓာတ်ပုံရိုက်ကာ မျှဝေဖော်ပြပေးနေပေမယ့် ဗျိုင်းငှက်တွေကတော့ ကျွန်တော်ကို မြင်လျှင် ပျံပြေးတတ်ကြပါသည်။



0
0
0.000
1 comments