Entry For Shadow Hunters Contest SMASh
May you be filled with all blessings.
There is a recently built monastery outside Thin Pan village near Tada U town.
The monastery is a seminary that teaches Buddhist literature in Pali to monks from the Maha Gandhara, one of Myanmar's most prominent branches.
Nearly 150 monks live in the monastery.

I went to the monastery to offer Rice and Curries.
After offering Rice and Curries, I took a tour of the monastery grounds.

There are flower pots at the entrance of a school building.
There are beautiful leafy plants and blooming flowers.
I saw the shadows of the flowers so I took a picture with my phone camera.

Since there is a reason to describe shadows in the Shadow Hunters Community, I have been looking for beautiful shadows wherever I go.
Do you have the same habit as me?
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
တံတားဦးမြို့ အနီး သင်ပန်းကျေးရွာအပြင်ဘက်၌ တည်ဆောက်ထားတာ မကြာသေးသော ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိပါသည်။
ထိုဘုန်းကြီးကျောင်းသည် မြန်မာနိုင်ငံ၏ အထင်ကရဖြစ်သော မဟာဂန္ဓာရုံ ၏ လက်ခွဲ သံဃာတော်များကို ဗုဒ္ဓစာပေ ပါဠိ သင်ကြားပေးသော စာသင်စာချကျောင်း ဖြစ်ပါသည်။
ထိုဘုန်းကြီးကျောင်း သံဃာတော် ၁၅၀ ပါး နီးပါးမျှ သတင်းသုံးနေထိုင်တော်မူကြပါသည်။
ကျွန်တော်သည် ထိုဘုန်းကြီးကျောင်း သို့ ဆွမ်း ကပ်လှူရန် ရောက်ရှိခဲ့သည်။
ဆွမ်းကပ်လှူပြီးသောအခါ ကျွန်တော်သည် ဘုန်းကြီးကျောင်းဝင်းအတွင်း လည်ပတ်ကြည့်ရှုခဲ့သည်။
ကျောင်းဆောင်တစ်ခု၏ အဝင်ဝ၌ အိုးများဖြင့် ပန်းပင်များ စိုက်ပျိုးထားပါသည်။
အရွက်လှသော ပန်းပင်များ နှင့် ပွင့်ဝေနေကြသော ပန်းပင်များ ဖြစ်သည်။
ပန်းပင်များ၏ အရိပ်များကို မြင်တွေ့ခဲ့ရသောကြောင့် ကျွန်တော်သည် Phone Camera ဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
Shadow Hunters Community ၌ အရိပ်ပုံဖော်ပြရန် အကြောင်း ရှိနေတော့လည်း ကျွန်တော်သည် ရောက်သည့်နေရာ၌ အရိပ်လှလှလေးများ ရှာဖွေကြည့်ရှုဖြစ်နေပါတော့သည်။
မိတ်ဆွေတို့ရော ကျွန်တော်ကဲ့သို့ အလေ့အကျင့် ရှိပါသလား။
!LOLZ
!MEME