Entry For Reflection Hunters Contest
May you be blessed!
The weather is clear and pleasant today.
There are clouds in the sky, but the sun is shining.
I was visiting a village in the morning.
It had rained heavily the previous day, so the roadside puddles were full of rainwater.
So, when I come back from work, I decided to take some photos of the countryside.
In the afternoon, I returned from the village and stopped my motorcycle at the roadside pond.
Without stopping the motorcycle engine, I sat on the motorcycle, turned on my phone camera, and took a picture of the pond.
The reason I took the picture on the motorcycle without stopping the motorcycle engine was for security reasons.
There is no law and order in the area where I live, so there are often robberies on the streets .
However, I have to travel to other villages for work to earn money, and I also take pictures of rural landscapes to post on Hive Blockchain.
Only then I can continue to survive in the war-torn and unstable Myanmar.
I hope that my friends will not feel sad after reading my posts.
So, I pray that you will feel happy while looking at the pictures of rural landscapes.
မင်္ဂလာရှိကြပါစေ။
ဒီနေ့ ရာသီဥတုက ပွင့်လင်းသာယာနေသည်။
ကောင်းကင်မှာ တိမ်တွေ ရှိနေပေမယ့် နေရောင် တောက်ပနေသည်။
ကျွန်တော် သွားနေကြ ကျေးရွာတစ်ရွာသို့ မနက်ပိုင်းမှာ သွားရောက်ခဲ့သည်။
ယခင်ရက်တွေက မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် လမ်းဘေး ရေအိုင်တွေထဲမှာ မိုးရေတွေ ပြည့်နေကြသည်။
သို့နှင့် အလုပ်ကိစ္စပြီးမှ အပြန်လမ်းမှာ ကျေးလက်ရှုခင်းဓာတ်ပုံရိုက်ယူရန် စိတ်ကူးခဲ့သည်။
နေ့လည်ပိုင်းမှာ ကျွန်တော် ထိုရွာမှ ပြန်လာပြီး လမ်းဘေးက ရေအိုင်တွေ အနား ရောက်တော့ ဆိုင်ကယ်ကို ရပ်နားခဲ့သည်။
ဆိုင်ကယ် စက်ကို မရပ်ဘဲ ကျွန်တော်သည် ဆိုင်ကယ် ပေါ် ထိုင်ကာ Phone Camera ကို ဖွင့်ပြီး မိုးရေအိုင်ရှုခင်း ကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
ဆိုင်ကယ်ကို စက်မရပ်ဘဲ ဆိုင်ကယ်ပေါ်မှ ဓာတ်ပုံရိုက်ယူရခြင်းသည် လုံခြုံရေးအခြေအနေအရ ဖြစ်သည်။
ကျွန်တော် နေထိုင်သော ဒေသ၌ တရားဥပဒေစိုးမိုးမှု မရှိသောကြောင့် လမ်းပေါ် လုယက်မှုများ ရှိတတ်သည်။
သို့ပေမယ့် ကျွန်တော်သည် ဝင်ငွေရရှိရန် အခြားရွာတွေသို့ အလုပ်ကိစ္စ သွားလာရသကဲ့သို့ Hive Blockchain ၌ Post တင်နိုင်ရန် ကျေးလက်ရှုခင်းတွေကိုလည်း အရအမိ ဓာတ်ပုံရိုက်ယူရပါသည်။
သို့မှသာလျှင် စစ်မီးတောက်လောင်နေသော မငြိမ်းချမ်းသည့် မြန်မာနိုင်ငံ အတွင်းမှာ စားဝတ်နေရေး အတွက် ဆက်လက် ရှင်သန်နိုင်ပေမည်။
ကျွန်တော့်စာတွေ ဖတ်ပြီး မိတ်ဆွေတို့ စိတ်မချမ်းမြေ့ မဖြစ်စေလိုပါ။
သို့အတွက် ကျေးလက်ရှုခင်းပုံများ ကြည့်ရှုရင်း မိတ်ဆွေများ သာယာနိုင်ကြပါစေဟု ဆုတောင်းလိုက်ပါသည်။
!LOLZ
!MEME
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
Because he Neverlands
Credit: reddit
@golden.future, I sent you an $LOLZ on behalf of htwegyi
(1/8)
Wow! Great pictures with amazing reflection
Thank you 👍
တကယ့် တိမ်ပန်းချီကားတစ်ချပ်ပါပဲ...
သဘာဝတရားကို ခံစားရင်း... အတွေးတွေနယ်ချဲ့ရင်း...
ခရီးသွားရင်း...
!PIZZA
!LOL
!sbi status
Hi @myanmarkoko!
Have you seen our website?
It's a great resource to check your Hive SBI levels, along with your history of who has sponsored you and what upvotes we have provided you!
$PIZZA slices delivered:
@myanmarkoko(3/5) tipped @golden.future
Come get MOONed!