Entry For Reflection Hunters Contest

May you be filled with all blessings.

After two nights and a day of rain, the sun finally came out in the morning.
When the sun was shining, I set off on our regular journey to the villages I visited.

Even though it's not raining anymore, the surroundings are still wet.
Riding a motorcycle on a muddy dirt road is not good.

In some places, there were puddles on the road.
I had to ride my motorcycle in a puddle of rain.
The water was stagnant because it was a puddle on the road. Even though the water was stagnant, when the water was calm, you could see the reflections of the surrounding trees.
The white clouds in the sky were thick, making the water look white.

It's not good to ride a motorcycle on a country road during the rainy season, but it's good to be able to take photos of reflections in the rain puddles.
That's the only way I can post for the Reflection Hunters Contest. Right?

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

နှစ်ညနှင့်တစ်နေ့ မိုးရွာပြီးသောအခါ မနက်ခင်းမှာပဲ နေ ကောင်းစွာ ပွင့်လင်းလာခဲ့ပါတယ်။
နေမင်း ထွန်းလင်းတောက်ပပြီဆိုသောအခါ ပုံမှန် သွားရောက်နေကြကျေးရွာတွေဆီ ခရီးထွက်ခဲ့ရပါတယ်။

မိုးမရွာတော့ဘူး ဆိုပေမယ့် ပတ်ဝန်းကျင်သည် စိုစွတ်နေလျက်ပါ။
ရေဝပ်ကာ ဗွက်ထနေသော မြေလမ်းပေါ် ဆိုင်ကယ် စီးရသည်မှာ မကောင်းလှပါ။

အချို့နေရာတွေမှာတော့ လမ်းမပေါ် ရေအိုင်များ ဖြစ်နေသည်။
မိုးရေအိုင်ထဲ ဆိုင်ကယ် စီးခဲ့ရသည်။
လမ်းပေါ်က မိုးရေအိုင် ဖြစ်သောကြောင့် ရေသည် နောက်နေပါသည်။
ရေနောက်နေသော်လည်း ရေပြင် တည်ငြိမ်နေသောအခါ ပတ်ဝန်းကျင်က သစ်ပင်များ၏ အလင်းပြန်ပုံရိပ်များကို မြင်တွေ့နိုင်သည်။
ကောင်းကင်၌ အဖြူရောင် တိမ်များသည် ထူထပ်နေသောကြောင့် ရေပြင်၌ ဖွေးနေအောင် မြင်ရသည်။

မိုးရာသီအတွင်း ကျေးလက်မြေလမ်း၌ ဆိုင်ကယ် စီးလို့မကောင်းပေမယ့် မိုးရေအိုင်များထဲမှ အလင်းပြန်ပုံရိပ်များကို ဓာတ်ပုံရိုက်ယူနိုင်သည်ကတော့ ကောင်းမွန်ပါသည်။
ဒါမှသာ ကျွန်တော့်အတွက် Reflection Hunters Contest အတွက် Post တင်နိုင်မည်။ ဟုတ်တယ်မလား။



0
0
0.000
3 comments