Entry For Reflection Hunters Contest SMARP
May you be blessed!
Winter is ending and summer is about to arrive.
During the season of Pisces, it is cool in the morning and hot in the afternoon.

Even though summer is coming, there is still water in the pond by the entrance to a village I frequent.
I have previously posted some images of the reflections of trees on the surface of this pond on the Shadow Hunters Community.

This time, I went down into the lake and took photos of the reflections,
so that I could get a reflection of the trees that had never been shown before.

I often take photos of the beauty of rural landscapes while traveling to villages and share them here.
I also find shadows and reflections in the countryside and share them in the Shadow Hunters Community's Shadow and Reflection Hunters Contest.
May my friends find peace and happiness while looking at my rural landscape photos.
မင်္ဂလာရှိကြပါစေ။
ဆောင်းရာသီကုန်ဆုံးကာ နွေရာသီသို့ ရောက်ရှိပါတော့မည်။
မိန်ရာသီ တပေါင်းလကာလ၌ မနက်အာရုံချိန်၌ ချမ်းအေးလှပြီး နေ့လည်ခင်း၌ ပူပြင်းလှပါသည်။
နွေရာသီ ရောက်တော့မည်ဆိုပေမယ့် ကျွန်တော် သွားရောက်နေကျ ကျေးရွာတစ်ရွာ၏ အဝင်လမ်းဘေးက ရေကန်၌ ရေများကျန်ရှိနေသေးသည်။
ဒီရေကန် ရေမျက်နှာပြင်၌ မြင်တွေ့ရသော သစ်ပင်များ၏ အလင်းပြန်ပုံရိပ်အချို့ကို Shadow Hunters Community ၌ ယခင်က ဖော်ပြခဲ့ဖူးပါသည်။
ယခုအကြိမ်မှာတော့ ကျွန်တော်သည် ရေကန် ထဲသို့ ဆင်းကာ အလင်းပြန်ပုံရိပ်များကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
သို့မှသာ ယခင်က မဖော်ပြဖူးသေးသည့် သစ်ပင်များ၏ အလင်းပြန်ပုံရိပ်ကို ရရှိနိုင်ရန် ဖြစ်ပါသည်။
ကျွန်တော်က ကျေးရွာတွေဆီ လှည့်လည်သွားလာရင်း ကျေးလက်ရှုခင်းတွေ၏အလှကို ကြည့်ရှုခံစားကာ ဓာတ်ပုံရိုက်ယူပြီး ဒီမှာ ပြန်လည် မျှဝေပေးနေတတ်သူပါ။
အရိပ် နှင့် အလင်းပြန်ပုံရိပ်တွေကိုလည်း ကျေးလက်သဘာဝထဲမှာပဲ ရှာဖွေပြီး Shadow Hunters Community ၏ Shadow and Reflection Hunters Contest မှာ မျှဝေပေးဖြစ်တာပါ။
ကျွန်တော်၏ ကျေးလက်သဘာဝရှုခင်းပုံများကို ကြည့်ရင်း မိတ်ဆွေများ ငြိမ်းချမ်းသာယာနိုင်ကြပါစေ။
You received an upvote ecency
Thank you 👍
!PIZZA
!MEME
$PIZZA slices delivered:
@htwegyi(1/10) tipped @golden.future
Please vote for pizza.witness!