Enjoying the beauty of nature amidst the heat

May you be filled with all blessings!

It has been over a week since we last saw a good rain.
There have been days when it looked like it would rain but only a few drops fell.
The weather conditions are hot and humid.

The clouds are getting thinner and thicker in the sky.
The farmers who grow sesame are hoping for rain.
The sesame plants are thirsty and their heads are bowed.

I also suffer from low income.
The civil war is also burning.
How can we live comfortably amidst all the political heat, the heat of war, the heat of food and living, the heat of the weather, etc.?

It's been over 10 days since I posted on Hive Blockchain.
Today, amidst the scorching heat, I enjoyed the beauty of the sky and the clouds.
Nature is as it is.
Only our emotions change.
How are you all doing?
I pray for your health, happiness, and prosperity.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

မိုး ကောင်းမွန်စွာ မရွာသည်မှာ ရက်သတ္တပတ်ကျော်ခဲ့ပါပြီ။
ရွာမည်ဟန်ပြင်ပြီး မိုးစက် အနည်းငယ်သာ ကျခဲ့သော ရက်တွေ ရှိခဲ့ပါတယ်။
ရာသီဥတု အခြေအနေကတော့ ပူအိုက်နေတာပါပဲ။

ကောင်းကင်၌ကား တိမ်တွေ ကျဲပါးသွားလိုက် ထူထပ်လာလိုက်ပါပဲ။
နှမ်းစိုက်ပျိုးထားသော တောင်သူများက မိုးရွာရန် မျှော်လင့်နေကြပါသည်။
နှမ်းပင်တွေက မိုးရေငတ်သောကြောင့် ခေါင်းငုံ့နေကြရရှာသည်။

ကျွန်တော်သည်လည်း ဝင်ငွေ မကောင်းလို့ မှိုင်နေတတ်သည်။
ပြည်တွင်းစစ်မီးကလည်း တအိအိလောင်ကျွမ်းနေသည်။
နိုင်ငံရေးအပူ၊ စစ်မီးအပူ၊ စားဝတ်နေရေးအပူ၊ ရာသီဥတုအပူ၊ စသော အပူပေါင်းစုံကြားမှာ ဘယ်လို သာယာအောင် နေရမလဲ။

ကျွန်တော် Hive Blockchain ပေါ် Post မတင်ဖြစ်တာ ၁၀ ရက်ကျော်သွားခဲ့ပါပြီ။
ဒီနေ့တော့ ပူလောင်နေသည့်ကြားက ကောင်းကင် တိမ်လွှာတွေ၏ အလှကို ခံစားကြည့်မိသည်။
သဘာဝကတော့ သဘာဝအတိုင်းသာပင်။
ကျွန်တော်တို့၏ စိတ်ခံစားချက်များကသာ ပြောင်းလဲနေကြသည်။
မိတ်ဆွေတို့ရော သာယာငြိမ်းချမ်းနေကြပါသလား။
ကျန်းမာ ချမ်းသာ ပျော်ရွှင်စေရန် ဆုတောင်းပေးလိုက်ပါသည်။



0
0
0.000
7 comments
avatar

မိုးသားပြာပြာ၊ တိမ်ဖြူဖြူနဲ့ မြေသားနီနီ
လှသဗျို့။
!LOLZ
!MEME

0
0
0.000