Countryside Scenery

I am a forest dweller living in a rural area.
I live in nature as it is.
I cannot protect nature, but I do not destroy it.

Today, the weather was cool and it was nice to ride a motorcycle.
There were clouds moving in the sky.
There were some raindrops falling on some villages.
While it was raining a little, I took a short break in a house in one village.
The rain only made the ground wet for a short while.
When the rain stopped, I went to another village.
I saw the forest scenery on the side of the road and took some photos.

The rural area where I live has the most palm trees.
So when I take pictures of rural landscapes, palm trees are always included.
So today, I'm sharing a rural landscape with a cloudy sky.
For nature lovers to enjoy.

ကျွန်တော်က ကျေးလက်ဒေသမှာ နေထိုင်သော တောသား တစ်ယောက်ပါ။
သဘာဝထဲမှာ သဘာဝအတိုင်းပဲ စီးမျောနေထိုင်သူပါ။
ကျွန်တော်က သဘာဝကို ထိန်းသိမ်းကာကွယ်ပေးနိုင်ခြင်း မရှိပေမယ့် သဘာဝကို ပျက်စီးအောင် မဖျက်ဆီးတတ်ပါဘူး။

ယနေ့တော့ ရာသီဥတုအေးမြနေတော့ ဆိုင်ကယ် စီးရတာ သာယာပါတယ်။
ကောင်းကင်မှာ တိမ်ထုတွေ ရွေ့လျားနေကြပါတယ်။
ကျေးရွာအချို့ပေါ်မှာ မိုးစက်တွေ ကျခဲ့ပါတယ်။
မိုးစက်တွေ အနည်းငယ်ကျစဉ်မှာ ကျွန်တော် ကျေးရွာတစ်ရွာက အိမ်တစ်အိမ်မှာ ခဏ နားခိုခဲ့ပါတယ်။
မိုးက မြေစိုအောင် အနည်းငယ် ခဏလေးသာ ရွာခဲ့တာပါ။
မိုးရပ်သွားတော့ ကျွန်တော် အခြားသောကျေးရွာ သို့ သွားဖြစ်ခဲ့ပါတယ်။
လမ်းမှ ဘေးဘက် တောတန်းရှုခင်းကို ကြည့်မြင်မိရင်း ဓာတ်ပုံရိုက်ယူခဲ့သည်။

ကျွန်တော်နေထိုင်သည့် ကျေးလက်ဒေသမှာ ထန်းပင်တွေ အပေါများဆုံး ပေါက်ရောက်ကြပါတယ်။
ဒီတော့ ကျွန်တော် ကျေးလက်ရှုခင်းတွေကို ဓာတ်ပုံရိုက်သောအခါ ထန်းပင်တွေ ပါဝင်နေတတ်ပါတယ်။
ဒါကြောင့် ယနေ့တော့ မိုးအုံ့နေသော ကျေးလက်ရှုခင်းလေးကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။
သဘာဝကို ချစ်မြတ်နိုးသူတွေ ရှုမြင်နိုင်အောင်ပါ။



0
0
0.000
4 comments