Big White Birds , I Found
May you be blessed.
I went to a village in the morning.
It was a cool winter morning, so I rode my motorcycle slowly.
As the sun rose, I rode my motorcycle, looking at the countryside.

At one point, I could see large white birds in the distance.
They were large birds.
They were far from where I was riding my motorcycle, but I could see them clearly with my eyes.
Each bird weighed about 5 pounds.

So I turned on my phone camera and rode my motorcycle near them to take a picture of the birds.
However, the birds, either because they heard the sound of the motorcycle or because they saw me coming towards them, took off and flew away.

I also took a photo of the large birds flying.
However, I only got a blurry picture of the large birds.
I was not satisfied because I could not get a clear picture of the large birds, which must have been about 100.
However ...

မင်္ဂလာရှိကြပါစေ။
မနက်က ကျေးရွာတစ်ရွာသို့ သွားဖြစ်ခဲ့တယ်။
ဆောင်းမနက်ခင်း အေးချမ်းနေသောကြောင့် ဆိုင်ကယ်ကို ဖြေးဖြေး စီးခဲ့တယ်။
နေထွက်လာချိန်မှာ ကျေးလက် ယာခင်းတွေကို ကြည့်ရင်း ဆိုင်ကယ်ကို စီးခဲ့ပါတယ်။

တနေရာမှာတော့ အဖြူရောင် ငှက်ကြီးတွေကို အဝေးမှ မြင်ခဲ့ရပါတယ်။
ငှက်တွေက အကောင်ကြီးတွေပါ။
၎င်းတို့ ရှိနေတဲ့ နေရာ နှင့် ကျွန်တော် ဆိုင်ကယ် စီးနေသည့် လမ်းက ဝေးပေမယ့် မျက်လုံးဖြင့် အထင်းသား မြင်ခဲ့ရပါတယ်။
ငှက်တစ်ကောင်၏ အလေးချိန်သည် ၅ ပေါင် လောက် ရှိမှာပါ။

သို့နှင့် ကျွန်တော်လည်း ငှက်ကြီးတွေကို ဓာတ်ပုံရိုက်ယူရန် Phone Camera ကို ဖွင့်ပြီး ၎င်းတို့၏ အနီးသို့ ဆိုင်ကယ်ကို စီးသွားခဲ့ပါတယ်။
သို့ပေမယ့် ငှက်ကြီးတွေသည် ဆိုင်ကယ် စက်သံကို ကြားသောကြောင့် သို့မဟုတ် ကျွန်တော် ၎င်းတို့ဆီ လာနေသည်ကို မြင်ရသောကြောင့်လား ထကာ ပျံပြေးကြပါတယ်။

ကျွန်တော်လည်း ငှက်ကြီးတွေ ပျံပြေးကြတာကို အရအမိ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
သို့ပေမယ့်လည်း ငှက်ကြီးတွေ၏ ပုံကို မှုန်ဝါးဝါးသာ ရရှိခဲ့ပါတယ်။
အကောင်ရေ ၁၀၀ လောက်ရှိမည့် ငှက်ကြီးတွေ၏ ပုံကို ထင်ရှားစွာ မရိုက်ယူနိုင်ခဲ့သောကြောင့် ကျေနပ်မှုမရခဲ့ပါ။
သို့သော်လည်း ...
!LOLZ
!MEME
You have been manual curated and upvoted by @ecency
Did you know that @stresskiller is also a witness now ?
Thank you 🙏