Painting of Seashell with Flowers

avatar

ဒီနေ့ seashell တစ်ခုနဲ့ ပန်းများကို ခဲတံဖြင့် ပထမဆုံးဆွဲ၍ watercolor ဖြင့် ဆေးခြယ်ထားပါတယ်။ ထိုပုံက ထူးခြား၍ လှတယ်လို့ထင်ပါတယ်။ ပန်းပုံများကို အမြဲတမ်းဆွဲဖြစ်ပေမဲ့ ထိုကဲ့သို့ seashell ပုံတွေကို မဆွဲဖြစ်ပါဘူး။

ပထမအဆင့်မှာ အဖြူရောင်စက္ကူပေါ်မှာ seashell တစ်ခုကို ခဲတံဖြင့်ဆွဲပါတယ်။ နောက်တစ်ဆင့်မှာ ပန်းများနဲ့သစ်ရွက်ပုံစံများကို ဆက်လက်ဆွဲပါတယ်။

ဒီအဆင့်မှာ seashell ကို အဖြူ၊ အညိုနဲ့ အဝါရောင်တို့ဖြင့်ဆေးခြယ်ပါတယ်။ ပန်းများကို ပန်းရောင်ခြယ်၍ ထိုပန်းရဲ့ အနားပတ်လည်နဲ့ ပန်းများပေါ်မှာ color pen နဲ့ ခြယ်ပါတယ်။ ပန်းများရဲ့အလယ်မှာ အနက်ရောင်ဖြင့် ဆက်လက်ဆွဲတယ်။ သစ်ရွက်များကိုလည်း အစိမ်းရောင်ခြယ်ပါတယ်။ အပြာရောင် အစက်လေးတွေကို seashell ရဲ့အပေါ်နဲ့ နံဘေးတွေမှာ ဆက်လက်ပေါင်းထည့်ပါတယ်။

ထိုပုံကိုဆွဲပြီးနောက် အရမ်းနှစ်သက်ပါတယ်။ထိုပုံက တကယ့်ကိုလှတယ်လို့ထင်ပါတယ်။

April 27, 2025



0
0
0.000
2 comments