Around The World- Challenge #51/4🌎

avatar

Hello everyone, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


For the Around The World contest #51/4, I am sharing the photo of the enjoying the water at Pyin U Lwin Township (6) Mile Resort, Mandalay Region, which is a recreation center for people suffering from heat.

Around The World ပြိုင်ပွဲအမှတ်စဉ် #၅၁/၄ အတွက်ပြိုင်ပွဲဝင်ဓာတ်ပုံကို အပူဒဏ်ခံစားနေကြရတဲ့ လူအများ အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် (၆)မိုင် အပန်းဖြေစခန်းမှာ ရေစိမ်ရင်း ပျော်ရွှင်စွာကစားနေကြတဲ့ ဓာတ်ပုံကို မျှဝေပေးလိုက်ပါတယ်။

As I wrote in previous posts, central Myanmar is very hot during the summer. This summer is hotter than previous years. Most people often go to these resorts because the temperature is dangerously high. When the temperature is high, taking a bath with soaking water can also be dangerous to health. But as you can see in the photo, you can see a lot of people taking a bath. The resorts on the banks of the Dutthavati River between the mountains are filled with people every day.

အရင်ပို့စ်တွေမှာ ကျွန်တော်ရေးခဲ့ဖူးတဲ့အတိုင်း မြန်မာနိုင်ငံအလယ်ပိုင်းက နွေရာသီကာလမှာ အရမ်းပူတတ်ပါတယ်။ ဒီနှစ်နွေရာသီက ယခင်နှစ်တွေထက် အပူချိန်မြင့်မားလာပါတယ်။ အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ အပူချိန်မြင့်လာတဲ့အတွက် ‌လူအများစုက မကြာခဏ အခုလိုအပန်းဖြေစခန်းတွေကိုသွားတတ်ကြပါတယ်။ အပူချိန်မြင့်မားနေတဲ့အချိန်မှာ ရေစိမ် ရေချိုးတာကလည်းလည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ယူဆမိပါတယ်။ ဒါပေမယ့် ဓာတ်ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း ရေစိမ်‌ ရေချိုးနေကြတဲ့လူတွေကလည်း များပြားနေတာကို တွေ့နိုင်ပါတယ်။ တောင်တွေကြား ဒုတ္ထဝတီမြစ်ကမ်းဘေးမှာရှိနေတဲ့ အပန်းဖြေစခန်းတွေကတော့ နေ့စဉ် လူအများနဲ့ပြည့်နေတတ်ပါတယ်။


The photo below is the contestant photo for this week's around the world challenge #51/4.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် around the world challenge #51/4 အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
4 comments